GET CHANCE ဆိုသည်မှာ အခမဲ့ ကံစမ်းမဲ ဖောက်ပေးနေသော ၀က်ဆိုက်ဖြစ်ပါသည်။ သင်သည် GET CHANCE ၀က်ဆိုက် တွင် ရှိသော ဆုပစ္စည်း အားလုံးကို အခမဲ့ ကံစမ်း နိုင်ပါသည်။

ဆုပစ္စည်း များအား ကံစမ်းရန် အတွက် GCMoney မှာ မရှိမဖြစ် လိုအပ် ပါသည်။ မိမိ ကံစမ်းမည့် ဆုပစ္စည်းပေါ်တွင် မူတည်၍ လိုအပ်သည့် GCMoney ပမာဏမှာ မတူညီနိုင်ပါ။

သင့်မှာ အင်တာနက် ချိတ်ဆက်မှု ရှိရုံဖြင့် GetChance မှ ဆုပစ္စည်း များအား ကံစမ်းခြင်း နှင့် ရယူုခြင်း များကို အခမဲ့ ပြုလုပ် နိုင်ပါသည်။

အခမဲ့ registration ပြုလုပ်ရတာဖြစ်ပါတယ်။ သင် ဤလင့်ခ်တွင် (http://www.get-chance.asia/my/signup) register ပြုလုပ် နိုင်ပါတယ်။

ပထမ - http://www.get-chance.asia/my/signup တွင် ရှိသော အဖွဲ့ဝင်ရန် မှတ်ပုံတင်ပါ နေရာတွင် အချက်အလက်များကို ဖြည့်သွင်း၍ အကောင့်ဖွင့်ပါ။
ဒုတိယ - registration လုပ်ထားသော အကောင့်အား အတည်ပြုရန်အတွက် ကျွန်ုပ်တို့မှ အီးမေးလ် ပို့ထားသည်ကို သင့် အီးမေးလ်တွင် စစ်ရ ပါမည်။ နောက်ဆုံးတွင်- အီးမေးလ်တွင် ပါရှိသော အကောင့် အတည်ပြုရန်အား နှိပ်၍ အကောင့်အား အတည်ပြုပါ။
(သို့မဟုတ်)
Facebook ဖြင့် အကောင့်ဖွင့်မည်ဆိုပါက ဤလင့်ခ်တွင်နှိပ်ပါ။

အကောင့်အတည်ပြုရန် အီးမေးလ် မရောက်ရခြင်းတွင် ဖြစ်နိုင်ချေ (၃)ခုရှိပါသည်။ ၄င်းတို့မှာ
(၁) အကောင့်အတည်ပြုရန် အီးမေးလ်များကို trash (သို့) spam ထဲသို့ ခွဲထားခဲ့ခြင်း။
(၂) ကျွန်ုပ်တို့၏ အီးမေးလ်လိပ်စာအား ပယ်ထားသည့် အီးမေးလ်အဖြစ် သတ်မှတ်ခဲ့ခြင်း။
(၃) သင့်အီးမေးလ်လိပ်စာ မမှန်ခဲ့ခြင်း။

ကျေးဇူးပြု၍ သင့်အီးမေးလ် လိပ်စာအား ဒီမှာ ရိုက်ပါ။

ဤ စာမျက်နှာ (http://www.get-chance.asia/my/mypage) ၏ အောက်ဆုံးတွင် ရှိသော အချက် အလက် ပြင်မယ် နေရာတွင် ၀င်ရောက်၍ သင့် အချက်အလက် များအား ပြင်နိုင် ပါသည်။

လူတစ်ယောက်လျှင် တစ်ကြိမ်သာ အကောင့်ဖွင့်ခွင့် ရှိသည့်အတွက် တရားမ၀င် အကောင့်များစွာဖွင့်ခြင်းအား ကာကွယ်ရန် အသုံးပြုသူများမှ မှတ်ပုံတင်အမှတ်အား ထည့်ရခြင်းဖြစ်ပါသည်။ ထို့အပြင် ကံထူးရှင်ဖြစ်ခဲ့ပါက ဆုပစ္စည်းအား မှတ်ပုံတင်နှင့် တကွ ထုတ်ယူ ရမည်ဖြစ်ပါသည်။

သင် ဆုပစ္စည်း ကံထူးရှင်ဖြစ်ခဲ့ပါက နိုင်ငံသားမှတ်ပုံတင်နှင့်တကွ ကံထူးရှင် ကိုယ်တိုင် ဆုပစ္စည်းအား လာရောက် ထုတ်ယူ ရပါမည်။

ကံစမ်းရန် GC Money ပမာဏရှိပါက ဆုပစ္စည်းကို တကြိမ်ထက်မက ကံစမ်းနိုင် ပါတယ်။ ကံစမ်းမှု အကြိမ်အရေ အတွက် များလေ ကံထူးရှင် ဖြစ်နိုင်ချေ များနိုင်ပါတယ်။

ဆုရရှိသူကံထူးရှင်များအား တိုက်ရိုက်မေးလ်ပို့၍ အကြောင်းကြားပေးပါသည်။ ထို့အပြင် ဝက်ဆိုက်၏ ဆုရသူများ Page နှင့် Facebook Fan Page တို့တွင်လည်း ကြေငြာပေးပါသည်။

GC Moneyရရှိနိုင်မည့် နည်းလမ်း ( ၃ ) ခုရှိပါသည်။ ၄င်းတို့မှာ -
(၁) နေ့စဉ် စက်ဝိုင်းလှည့်ခြင်းဖြင့် GC Money ရရှိနိုင်ပါသည်။
(၂) မေးခွန်းများကို ဖြေဆိုခြင်းဖြင့် GC Money ရရှိနိုင်ပါသည်။
(၃) သူငယ်ချင်းများကို Get Chance တွင် အဖွဲ့ဝင်ရန် Invite လုပ်ခြင်းဖြင့် GC Money ရရှိနိုင်ပါသည်။
(၄) ဆုပစ္စည်း page တွေကို Facebook တွင် Share လုပ်ခြင်းဖြင့်လည်း GC Money ရရှိနိုင်ပါသည်။

GCMoney စက်ဝိုင်းအား နေ့စဉ် (၁)ကြိမ်သာ လှည့်၍ ရပါသည်။

မေးခွန်းများကို သတ်မှတ်ရက် အတွင်းသာ ဖြေဆို၍ ရနိုင်ပါသည်။ ရက်လွန်သွားသော မေးခွန်းများကို ဖြေဆို၍ မရနိုင်ပါ။

မေးခွန်းများမေးသည့် အကြိမ်အရေအတွက်ကို သတ်မှတ်ထားခြင်းမရှိပါ။

သူငယ်ချင်းများကို ဖိတ်ခေါ်(Invite ပြုလုပ်) ရုံဖြင့် GC Money မရရှိနိုင်ပါ။ ဖိတ်ခေါ်ထားသော သူငယ်ချင်းမှ GetChance တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်မှသာ GC Money ၃၀၀၀၀ ရရှိနိုင်ပါမည်။

ချက်ချင်း ဆုထုတ်ယူ၍ မရနိုင်ပါ။ Get Chance မှ လစဉ် ကံထူးရှင်အား ဆုပစ္စည်း ပေးအပ်သည့် အခမ်းအနားကို ပြုလုပ် လျှက် ရှိ ပါသည်။ ကံထူးရှင်များအား ဆုထုတ်ယူရမည့် နေ့ရက်၊ အချိန်နှင့်နေရာကို ပြန်လည် အ ကြောင်း ကြား ပေးသွားပါမည်။

သူငယ်ချင်း၏ မေးလ်လိပ်စာ သိပါက My Page တွင် ရှိသော သူငယ်ချင်းကို ဖိတ်ခေါ်မည်နေရာ ကို နှိပ်၍ သူငယ်ချင်း၏ မေးလ်လိပ်စာကို ထည့်သွင်း ပေးပို့၍ ဖိတ်ခေါ်နိုင်ပါတယ်။

တစ်ကြိမ် ကံထူးရှင်ဖြစ်ပြီးသား သူများလည်း နောက်ထပ်ကံထူးရှင် ထပ်ဖြစ်နိုင်ပါတယ်။ Get Chance တွင် ၂၊ ၃ ကြိမ် ကံထူးသူများလည်း ရှိပါတယ်။

လူတစ်ဦးလျှင် အကောင့်တစ်ခုသာ ဖွင့်၍ ရနိုင်ပါသည်။ အကယ်၍ အခြားသော အမည် လွဲများ၊ မှတ်ပုံတင် အမှား များကို ဖြည့်စွက်၍ ထပ်မံ အကောင့် ဖွင့်၍ ရနိုင် သော်လည်း ထိုအကောင့်မှ ကံထူးရှင် ဖြစ်ခဲ့ပါက အချက်အလက် မမှန်ကန် သောကြောင့် ဆုထုတ် ယူ၍ မရနိုင်ပါ။ ထို့ကြောင့် အကောင့် ဖွင့်ရာတွင် ကိုယ်ရေး အချက် အလက် များကို အမှန်ဖြည့် ပေးရန် လိုအပ် ပါသည်။

Facebook ဖြင့် အကောင့် ဝင်ထားသောသူ ဖြစ်ပါက ကံထူးရှင်အား facebook အကောင့် ဖွင့် ထားသော အီးမေးလ် ကိုသာ အကြောင်း ကြားပေးပါသည်။

GetChance တွင် GC Money အား ဝေမျှသည့် စနစ် မရှိတော့ပါ။

ဆုပစ္စည်းပေါ်လိုက်၍ မဲဖောက်ပေးသည့်နေ့ မတူညီပါ။ မိမိ ကံစမ်းသော ပစ္စည်းပေါ်တွင် ကံစမ်းနိုင်သည့် ရက်နှင့် ကံစမ်းမဲဖောက်မည့် ရက်တို့ကို ထည့်သွင်း ဖော်ပြပေးထား ပါသည်။ ထို့ကြောင့် ကံစမ်းနိုင်သည့် ရက် ကုန်ဆုံးပြီး နောက်တစ်နေ့တွင် ကံထူးရှင်အား မဲဖောက် ရွေးချယ် လျှက်ရှိပါသည်။

မှတ်ပုံတင်ကဒ် ပျောက်ဆုံး သွားပါက ရဲစခန်းမှ မှတ်ပုံတင် ပျောက်ဆုံးကြောင်း တိုင်ကြား ထားသည့် စာရွက်စာတမ်း နှင့်တကွ မှတ်ပုံတင် အမှတ် ထည့်သွင်း ရေးသား ဖော်ပြထားသည့် သက်သေ အထောက်အထား (လိုင်စင်/ရုံးဝန်ထမ်းကဒ်) များဖြင့် လာရောက် ထုတ်ယူ နိုင်ပါသည်။

မေးလေ့ရှိသောမေးခွန်းများ
ဆက်သွယ်ရန်
App ရယူပါ